''ဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးပါ၏။''







web stats

web stats

လိုချင်သော ခေါင်းစဉ်ကို အမြန်ရှာရန်

sai thu lin

sai thu lin
စိုင်းသူလင်း ဘလော့မှ ကြိုဆိုပါတယ်။

Sunday, 25 June 2017

Android စက်ပြင်ဆရာလက်စွဲ



Android Hardware နဲ့ Softwareသင်တန်းတက်နေသောညီအစ်ကိုများ၊
အကြောင်းမမျိုးမျိုးကြောင့်သင်တန်းမတတ်နိုင်သောညီအစ်ကိုများအတွက်
ယခုစာအုပ်လေးကတော့Android Phoneတစ်လုံးမှာပါဝင်တဲ့အစိတ်အပိုင်း
တွေမှာဘယ်နေရာကဘာသုံးတာလဲဘယ်နေရာကဘာအသုံးဝင်လည်းဆိုတာကို
အသေးစိတ်ရှင်းပြထားရုံသာမကဘယ်လိုပျက်စီးရင်ဘယ်လိုပြင်ရမလဲဆိုတာကအစ
တိတိကျကျရှင်းပြပေးထားတာကြောင့်အလွန်အသုံးဝင်မယ်ထင်ပါတယ်။
စာအုပ်ရေးသားသူကမည်သူမည်ဝါဆိုတာတိတိကျကျမပါပေမယ့်ထိပ်ဆုံးမှာ
ရေးသားထားသောနာမည်လေးကိုပဲအဖုံးDesigneလေးဆွဲပြီးတင်ပေးလိုက်ပါတယ်။
အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ........
 
                                DOWNLOAD FILE
            အလည်လာတဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။
 

Sunday, 2 April 2017

:"Facebook မှာ 360 Degree Video များကို Live လွှင့်နိုင်ပြီ:"


Facebook က ၃၆၀ ဒီဂရီဗီဒီယိုများကိုသူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေနိုင်အောင် ပံ့ပိုးပေးထားပါတယ်။ အခုတော့ Live ထုတ်လွှင့်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီအတွက် Facebook မှာ Events များကို ၃၆၀ ဒီဂရီဖြင့် တိုက်ရိုက် တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။အဲဒီဗီဒီယိုများကို ရိုက်ကူးဖို့အတွက်တော့ အထူးပြုလုပ်ထားတဲ့ ၃၆၀ ဒီဂရီကင်မရာများ လိုအပ်မှာ ဖြစ်ပါတယ်။

၃၆၀ ဒီဂရီဗီဒီယိုများကို Live လွှင့်တဲ့အခါမှာ Audience နဲ့ Regions များကိုရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်းမန့်နဲ့ Reaction များကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Connection အမြန်နှုန်းကိုလည်း ချိန်ညှိနိုင်ပါတယ်။ Facebook ကတော့ 4Mbps အမြန်နှုန်းကိုအသုံးပြုဖို့ အကြံပေးထားပါတယ်။

Facebook က 360 Degree Camera ဖြစ်တဲ့ Insta360 Nano ဖြင့် ရိုက်ကူးထားတဲ့ ဗီဒီယိုကိုလည်း ဖြန့်ချိလိုက်ပါတယ်။ Facebook မှာ 360 Degree Video များကို Live လွှင့်ဖို့အတွက် သင့် ကင်မရာရဲ့ Firmware ကိုအဆင့်မြှင့်ထားဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်လျှင် ၂ နာရီကြာ Live လွှင့်နိုင်ပြီး 30 fps ဖြင့် Full HD အရည်အသွေးအထိထုတ်လွှင့်နိုင်ပါတယ်။ 

:" Microsoft ၏ Windows 10 Creator Update အား ဧပြီ ၁၁ ရက်တွင် မြင်ရမည်။:"


Windows 10 Creator Update ကို စတင်ဖြန့်ချိပေးမည့်ရက်အား Microsoft မှကြေညာပေးခဲ့ပြီးဖြစ်ပြီး အဆိုပါ Free update သည် ဖန်တီးမှုများ၊ 3D နှင့် mixed reality ကို လူတိုင်းထံသို့ ယူဆောင်လာနိုင်ရန် ရည်ရွယ်ထားသည်ဟု ဖော်ပြခဲ့သည်။ ထို့အပြင် Surface Book, Surface Studio နှင့် Surface Dal တို့ကိုလည်း ဒေသများစွာတွင် စတင်ဝယ်ယူနိုင်တော့မည်ဟု ဆိုခဲ့သည်။

Windows 10 သည် Creator Update နှင့် ဖန်တီးနိုင်စွမ်းများကို ပို၍အာရုံစိုက်ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၁ ရက်တွင် စတင်ရရှိမည်ဖြစ်ပြီး 2020 တွင် 3D လုပ်ငန်းများသည် 62% တိုးတက်လာမည်ဟု ခန့်မှန်းထားခြင်းနှင့်အတူ Microsoft မှ အားလုံးကို ယခု update နှင့် ကြိုတင်ပြင်ဆင်ခွင့်ပေးခဲ့ပြီးဖြစ်သည်။ မူလ Paint သည် လစဉ်သုံးစွဲသူ သန်း ၁၀၀ ကျော်ရှိရာ ယခု Update တွင် အခမဲ့ပါဝင်လာသည့် Paint 3D သည် 3D ပုံများဖန်တီးမှုကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။ Microsoft မှ 3D ပုံ များကို download & Share ပြုလုပ်နိုင်မည့် web portal တစ်ခုဖြစ်သော Remix x 3D .com ကိုလည်း ဖန်တီးပေးထားသည်။

ပုံမှန် 2D screen များထက် ပိုမိုအားသာစေရန် Microsoft မှ Acer, Asus, Dell, Hp , Lenovo တို့နှင့်ပူးပေါင်း ကာ Windows Mixed Reality headset များကိုလည်း 299$ ဖြင့် ထုတ်လုပ်ရန်ရှိနေသည်။ Microsoft ၏ အဆိုအရ developer များသည် Windows Mixed Reality apps များကို ဖန်တီးလျက်ရှိသည်ဟုလည်း သိကြရသည်။

:" တည်နေရာကိုလိုက်ကြည့်နိုင်မယ့် Messenger Live Location-Sharing ":



Facebook က သူ့ရဲ့ Messenger App မှာ သုံးစွဲသူရဲ့တည်နေရာကို လိုက်ကြည့်နိုင်တဲ့ Live Location-Sharing လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အရင်က တစ်ယောက်ကပို့လိုက်တဲ့ တည်နေရာဟာ နောက်တစ်ယောက်အတွက် ဘယ်နေရာရောက်နေတယ်ဆိုတာကို သိနိုင်တာထက် မပိုခဲ့ပါဘူး။

အခုက Facebook အတွက် အသစ်ဖြစ်ပေမယ့် ဟိုးစောစောကတည်းက Apple ရဲ့ Message App မှာပါပြီးသားဖြစ်လို့ iPhone သမားတွေအတွက် ထူးခြားခံစားမိမှာမဟုတ်တာကို အသိပေးလိုပါတယ်။ ဒီလိုကိုင်တွယ်တဲ့ လက်ကိုင်ဖုန်းအားလုံးပေါ်မှာ အမှားမရှိပဲအလုပ်လုပ်ဖို့ Facebook က မက္ကဆီကိုနိုင်ငံမှာ အောက်တိုဘာလက စစမ်းသပ်ခဲ့ပြီး စိတ်ချရပြီယူဆလို့ အခု Live Location-Sharing လုပ်ဆောင်ချက်ကို အမေရိကားနဲ့ ကမ္ဘာတစ်ဝှမ်းမှာ စမ်းသပ်အသုံးပြုနိုင်ပါပြီ။


သုံးစွဲသူတွေကြား “ မင်းရောက်ဖို့နီးပြီလား ” လို့ ဖုန်းတဂွမ်ဂွမ်ဆက်စရာမလိုအောင် ကောင်းမွန်တဲ့ တည်နေရာကို လိုက်ကြည့်နိုင်တဲ့အချိန်ဟာ မိနစ် ၆ဝ ကြာမြင့်မှာဖြစ်ပါတယ်။ တစ်ခုသတိပေးစရာရှိတာက မိမိရဲ့တည်နေရာကို တစ်ဦးတစ်ယောက်ကို Messenger ကနေပို့ထားပြီးတဲ့နောက်မှာ မိမိ ဘယ်ရောက်ရောက် အဲဒီတစ်ဦးတစ်ယောက်က အချိန်တစ်ခုအထိ နောက်ယောင်ခံသိရှိနေမှာဖြစ်ပါကြောင်း။

Sunday, 2 October 2016

Mi Account ကြောင့်အခက်အခဲဖြစ်နေသော Mi Fans များအတွက်


Mi Accout Password မသိ၊ email မသိ၊ Phone SIM မရှိ၊ ဘာမသိ ညာမရှိတွေကြောင့် firmware မတင်ရဲ၊ FactoryReset မချရဲ ဖြစ်နေခဲ့ပြီဆိုလျှင်..ဖုန်းကတောသုံးလို့ရနေသေးပြီး password မသိတော့သော mi account ကြောင့်အခက်အခဲဖြစ်နေသော User များအတွက်ပါ။ Posts တွေ Ments တွေမှာ mi acc password မေ့တယ်ဆိုရင်acc လုပ်တုးံက သုးံတဲ့ email, ph noထည့ေ်ပးလိုက်လေ... xiaomi ကပြန်ပို့လာတဲ့ verify code no လေးပြန်ဖြညြ့်ပီး password ချိန်းလိုက်လို့ဖြေကြတာတွေပဲတော်တော်များများတွေ့ရပါတယ်။

 ကျနော်လဲ ထိုနည်းကိုပဲ ဖြေဖြစ်ခ့ပဲါတယ်။ ယခုနည်းကို တစ်ခါမှမတွေ့ မိခဲ့လို့ပါ သိသူများကျော်သွားရန်၊ မသိသေးသူများ စမ်းသပ်နိုင်ရန် ရေးပေးလိုက်ပါတယ်။Lock ကျလို့၊ Factory reset ချမိလို့ lock မိနေတဲ့ ဖုးံတွေအတွက်တော့ သည်နည်းက သိပ်အသုးံမတည်ဘူးပေါ့။ normalသုးံနေလို့ရတဲ့ ဖုန်းတွေအတွက်တော့ အဆင်ပြေမှာပါ။ က…ဲ ..စရအောင်…။


https://account.xiaomi.com ကို ၀င်ပါ၊ အောက်နားလေးမှာForgot Password
 ဆိုတာကိုတွေ့ပါမယ်၊၊နှိပ်လိုက်ပါ။

 ပုံ- ၁


 Email or Phone no ထည့်ပေးဖို့ တောင်းပါတယ်။ မထည့်ပဲ ကိုယ့် Mi Account ID ကိုထည့်လိုက်ပါ။ Next Button နှိပ်ပါ။

[Mi ID ကို ဖုန်းရဲ့ Settings->Mi Account ထဲဝင်ကြည့်ပါ။ အပေါ်ဆုးံမှာ နံပါတ်၁၀ လုးံနဲ့တွေ့ပါမယ်။]

ပုံ- ၂

  ကိုယ့်Mi Account နဲ့ချိတ်ဆက်နေတဲ့ phone no ဆီ code ပို့ မယ်ဆိုတာပေါ်လာပါမယ်။ ဖုန်း  sim card လဲမရှိတော့ဘူးဆိုတော့ Not Working? ဆိုတာလေးကို Click လိုက်ပါ။

 ပုံ - ၃

  မိမိMi Account မှာ email ပါထည့်ပေးခဲ့ရင်email နဲ့ verify လုပ်မလားဆိုပြီးလာမေးပါမယ်။ email ဆိုတာလည်းမသ၊ိမရှိဆိုတော့ ဘာမှမရွေးဘဲ Manual Verification လေးကိုသာ click လိုက်ပါ။
ဖုန်းနံပါတ်တခုပေးထားပြီး Mi Acc လုပ်ခဲ့ရင်တော့အခုအဆင့်တောင်းမှာမဟုတ်ပါ...။

ပုံ- ၎

  မိမိ Mi account နဲ့ ပတ်သက်တဲ့ hints လေးတွေပေါ်လာမှာဖြစ်ပြီး Manual verification ကိုစတင်ရန် Get Started button ကို click ပါ။

ပုံ- ၅


 Verification စပါပြီ။ ပထမဦးစွာ မိမိဆီ sms အရင်ပို့ပေးပြီး အခြားအဆင့်တွေဆက်မှာဖြစ်လို့ ဖုန်းနံပါတ်ဖြည့်ပေးရပါမယ်။ပြည့်စုံအောင်လုပ်ဆောင်လိုက်ပါ။ လက်ထဲတွင်အသင့်ရှိလို့ sms ကြည့နိုင်မယ့်နံပါတ်ဖြစ်ရပါမယ်။ Mi Acc ဖွင့်ထာ့းပြီးယခုနံပါတ်နှင့်ချိတ်ဆက်ထားရန်မလိုအပ်ပါ။ sim card ကို mi phone ထဲမှာထည့်ထားရန်လဲမလိုအပ်ပါ။ sms ချက်ချင်းဖွင့်ကြည့်နိုင်လျှင်ရပါပြီ။

ပ-ုံ ၆


 ပို့လာသော sms verification code ကိုပြန်ဖြည့်လို့ နောက်တစ်ဆင့်သို့သွားပါ။



 မိမိဖုန်းရဲ့ unique ID တွေထည့်ပေးရပါမယ်။ IMEI, Wifi MAC Address နဲ့ Phone Model ကိုဖြည့်ပေးပါ။ IMEIဘယ်လိုကြည့်ရမယ်။ Wifi Mac Addr ဘယ်လိုကြည့်ရမယ်ဆိုတာတွေကို hints လေးတွေပေးလို့ညွှန်ပြထားပါတယ်။ IMEIနှစ်ခုပါတဲ့ ဖုန်းများအတကွ် + အလုးံလေးနှိပ်လို့ ဖြည့်စရာနောက်ထက်တကွက်ပေါ်လာပါမယ်။

 ပုံ- ၈
  ပုံမှာပြထားသလိုလေးတွေရွေးပေးလိုက်ပါ။ 1. Password အသစ်ရိုက်ထည့်ပေးပါ။ သေချာမှတ်သားထားပါ။ 2. Emailအသစ်ထည့ပ်ါ။ မှတ်သားထားပါ။ 3. စောနက verify sms အတွက်သုံးခဲ့တဲ့နံပါတ်ပဲပြန်ထည့်ပါတယ်။ မှတ်ထားပါ။ simကတ်ထည့်ထာားတဲ့ handset ကို ready ဖြစ်ေနပါစေ။Mi account အသစ်လုပ်သလို email or ph တစ်ခုပဲထည့်ပေးလဲရမယ်ထင်ပါတယ်။ ကျနော်ကတော့နှစ်ခုလုးံထည့ေ်ပးထားပါတယ်။ email နဲ့ ph no ကလို ည်း mi account မဖွင့်ရသေးတဲ့ email, ph no ကိုသုံးထားပါတယ်။

ပုံ-၉



ယခုဆိုလျှင်ဖုန်းသုးံလို့ရနေသေးသော်လည်း email ဆိုတာလဲမသိ၊ မရှိ။ SIM card ကလည်း ပျောက်ခဲ့ပြီသို့မဟုတ် ဆိုင်ကလုပ်ပေးခဲ့တာသူတို့လည်းမမှတ်မိတော့ပြီဖြစ်သော Mi accout ကို Password reset ချလို့သုးံနိုင်ပါပြီ။ Xiaomi ကupdate info ပြန်ပို့လာချိန်တွင် မိမိတို့ email, ph no များကို Mi account တွင် assign လုပ်ထားလို့ မိမိစိတ်ကြိုက်password လည်း ထားသုးံနိုင်ပါပြီ။

ဈေးနူန်6း5000သာ တန်ဖိုးရှိသော Depression-A10 SmartPhone

NIPDA ကပဲထပ်မံထွက်ရှိလာတဲ့ Depression-A10 လို့အမည်ရတဲ့ဟန်းဆတ်လေးနဲ့မိတ်ဆတ်ပေးလိုက်ပါတယ် 

Specification

CPU : MT6580 Quad Core 1.3 GHz
Memory : Ram 1 GB/Rom 8 GB MicroSD upto 32 GB
Display : 5"HD IPS LCD Capacitive 960*540pixels
Simcard : 2 simcard Support
Network : GSM 2G : 800/900/1800/2100 MHz. WCDMA 3G : 850/2100MHz.
Camera : Front 5.0 MP / Rear 5.0 MP
Operating System : Andorid 5.1 lollipop
Communication : Bluetooth/WiFi/Micro USB
Multimedia : FM Tuner/Video-Music Player
Battery : 2800mAh 
 Price                       :65,000
လို့သိရပါတယ်

Tuesday, 28 June 2016

Android ဖုန်း အသုံးပြုသူတွေ အနေနဲ့ မိမိအသုံးပြုနေတဲ့ ဖုန်းမှာ ဖုန်းမှတ်ဉာဏ်ဟာ မှတ်သားမှုများ မပြုလုပ်ရသေးဘဲ ပြည့်လာတတ်တဲ့ အခက်အခဲရှိ တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာတော့ ဖုန်းထဲမှာရှိနေတဲ့ Temporary လို့ခေါ်တဲ့ Temp ဖိုင်တွေကို ရှင်းလင်းပေးရပါတယ်။



Temp ဖိုင်တွေကို ရှင်းလင်းတဲ့အခါမှာ ဖုန်းရဲ့မှတ်ဉာဏ်ထဲမှာ ရှိနေတဲ့ Temp တွေကို ရှင်းလင်းရသလို အင်တာနက် အသုံးပြုတဲ့ Browser ပေါ်မှာရှိနေတဲ့ အင်တာနက် Temp ဖိုင်တွေကိုလည်း ရှင်းလင်းပေး ရပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ အင်တာနက် Temp ဖိုင်တွေကို ရှင်းလင်းတဲ့ နည်းလမ်းကို ဖော်ပြပေးပါမယ်။

အင်တာနက် အသုံးပြုခဲ့တဲ့ Temp ဖိုင်တွေကို ရှင်းလင်းချင် တယ်ဆိုရင်တော့ ပထမဆုံးကိုယ့် ရဲ့ ဖုန်းမှာရှိနေတဲ့ Setting ထဲကို ဝင်လိုက်ပါ။

Setting ထဲမှာတော့ App ဆို တဲ့ စနစ်ထဲကို သွားပါ။ အချို့ဖုန်း တွေမှာတော့ 
Manage App ဆိုပြီး ဖော်ပြတတ်ပါတယ်။

App ထဲကို ရောက်ပြီဆိုရင် တော့ ခုလိုမြင်ရ ပါလိမ့်မယ်။ မြင် ရတဲ့ မြင်ကွင်းမှာ
 ကိုယ့်ရဲ့ဖုန်းမှာရှိနေတဲ့ Browser App တွေကို ရှာဖွေပါ။

Browser App ကိုတွေ့ရင်တော့ App ကိုနှိပ်လိုက်ပါ။  ဒါဆို ရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။
 
 
မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ အောက်ဘက်ကို ဆက်ပြီးကြည့် 
လိုက်မယ်ဆိုရင်တော့ ခုလိုမြင်ရ ပါလိမ့်မယ်။

Clear data, Clear Cache, Clear Defaults အစရှိတဲ့ စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။
Clear Cache ဆိုတဲ့စနစ်ကို နှိပ်ပြီးတော့ အင်တာနက် Temp ဖိုင်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ 
Clear Data ကိုနှိပ်ပြီးတော့လည်း Browser ထဲမှာရှိနေတဲ့ အချက်အလက်တွေကို ဖယ်ရှင်းနိုင်ပါတယ်။

ဒါကတော့ အင်တာနက် အသုံးပြုထားတဲ့ Temp တွေကို ရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပြီး အင်တာနက် အသုံးပြုသမျှ Browser တွေအားလုံးမှာ ဒီလိုမျိုး လိုက်လံရှင်းလင်း နိုင်ပါတယ်။

နောက်တစ်ခုကတော့ ဖုန်းရဲ့ မှတ်ဥာဏ်ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ အရာတွေကို ရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဖုန်းမှတ်ဉာဏ်ထဲက အရာတွေကို ရှင်းလင်းဖို့အတွက် ပထမဆုံး ဖုန်းရဲ့ 
Setting ထဲကိုဝင်လိုက်ပါ။


Storage ထဲမှာတော့ ခုလိုမျိုး ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။
 
 မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Make more space ဆိုတာရှိပါတယ်။  အဲဒါကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။
 
ဒါကတော့ မှတ်ဉာဏ်ထဲက မလိုအပ်တဲ့ အရာတွေကို ဖယ်ရှင်းနိုင်မယ့် နေရာဖြစ်ပါတယ်။
 အသုံးပြုတဲ့ ဖုန်းအမျိုးအစားနဲ့ Android Interface ဖွဲ့စည်းပုံ ပေါ်မူတည်ပြီး မြင်တွေ့ရမယ့် မြင်ကွင်းတွေတော့ ကွဲပြားမှု ရှိနိုင်ပါလိမ့်မယ်။

Make more space ဆိုတဲ့ အချို့ဖုန်းတွေမှာတော့ Cached Data ဆိုပြီး ဖော်ပြလေ့ ရှိတတ်ပါတယ်။
 Cached Data ဆိုတဲ့ ထဲမှာလည်း မလိုအပ်တဲ့ အချက်အလက်တွေကို ၀င်ရောက်ရှင်းလင်း နိုင်ပါတယ်။
Twitter Bird Gadget