''ဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးပါ၏။''







web stats

web stats

လိုချင်သော ခေါင်းစဉ်ကို အမြန်ရှာရန်

sai thu lin

sai thu lin
စိုင်းသူလင်း ဘလော့မှ ကြိုဆိုပါတယ်။

Wednesday, 30 March 2016

Zapya 2.1.0 Final - ကွန်ပျူတာနှင့် Android ဖုန်းများ Bluetooth မလိုပဲ ဆက်သွယ်လို့ရပြီ Copy the BEST Traders and Make Money : http://ow.ly/KNICZ

ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားတာ အနည်းငယ် ကြာသွားပါပြီ..။
 အခုတလော ကျနော်အသုံးပြုနေတဲ့ အင်တာနက် Connection က လုံးဝကို မကောင်းတဲ့အတွက် ကျနော့် Blog ကို ပြန်ကြည့်ဖို့တောင် အတော်လေး ခက်ခဲနေပါတယ်..။
 ဖိုင်တွေတင်ပေးဖို့ဆိုတာ ပိုဝေးပေါ့..။ အခုတောင် အားတုန်း Wifi ရှိတဲ့ သူငယ်ချင်းတို့ရဲ့ နေရာတွေ လိုက်ပြီး အသုံးပြုနေလို့ ဒီနေ့ ဒီပိုစ့်ကို တင်ပေးဖြစ်တာပါ..။
 ဒီဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့ ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။
PC (Desktop) တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့ D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card တပ်ဆင်ထားတဲ့
 PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့ ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ
 အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါတယ်..။
 ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက် ဖိုင်အပြင် Android စမတ်ဖုန်းတွေအတွက်ပါ ဖိုင် ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ Android ဖုန်းတွေအတွက်ကတော့ Playstore မှာ ဝင်ယူလို့လည်း ရပါတယ်..။
 Playstore ဝင်လို့ မရတတ်တဲ့ Android ဖုန်းတွေအတွက်တော့ ဒီဒေါင်းလော့ဖိုင်ထဲမှ APK ဖိုင်လေးကို ဖုန်းထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။
ဟိုးအရင်တုန်းက ဗါးရှင်းက တရုတ်စာသားတွေနဲ့ ဖြစ်လို့ ဘယ်လို စသုံးရမှန်းမသိခဲ့ကြပါဘူး..။ အခုဒီဗါးရှင်းလေးမှာတော့ E-လိုနဲ့ Update ထွက်လာတာဖြစ်လို့ ကျနော်တို့အတွက် အသုံးပြုရ အဆင်ပြေစေပါတယ်..။
အသုံးပြုလိုတဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ ဒီဆော့ဝဲလ်ကို ၂-နေရာစလုံး ထည့်ထားပြီးမှ အသုံးပြုလို့ ရမှာပါ..။ အောက်မှာလည်း ကျနော့် ကွန်ပျူတာနဲ့ဖုန်း အသုံးပြုထားတဲ့ ပုံလေးတွေကို
ပြပေးထားလို့ လေ့လာကြည့်ရင်း အသုံးပြုတတ်သွားပါလိမ့်မယ်..။
ကွန်ပျူတာမှာ Install ထည့်ပြီးရင်တော့ နာမည်နဲ့ ပါတ်စ်ဝါဒ့်ကို မိမိတို့ စိတ်ကြိုက် ပြောင်းထားလိုရင်တော့ အောက်ကပုံနေရာမှာ ကလစ်ပြီး ပြောင်းထားနိုင်ပါတယ်..။
ပါတ်စ်ဝါ့ဒ်မှာ ၈-လုံးထားပေးရပါတယ်..။ နာမည်ကိုတော့ စိတ်ကြိုက်ထားပါ..။











Download Here

Copy the BEST Traders and Make Money : http://ow.ly/KNICZ

♪ Marshmallow အခြေခံ MIUI 7.2.8 China stable ROM Mi 3 နဲ့ 4 ဖုန်းတွေအတွက် ထွက်ရှိ ♫

Android 6.0 Marshmallow စနစ် အခြေခံထားတဲ့ MIUI (me you I ) ဆော့ဖ်ဝဲကို လွန်ခဲ့တဲ့တပတ်က Mi 3 နဲ့ Mi 4 ဖုန်းတွေအတွက် ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံအတွင်းက Xiaomi Mi 3 နဲ့ Mi 4 စမတ်ဖုန်းတွေမှာပဲ ရရှိသေးပြီး၊ မကြာခင်မှာ တခြားစမတ်ဖုန်းမော်ဒယ်တွေမှာလည်း ရရှိမှာဖြစ်ပါတယ်။

လက်ရှိ China ROM မှာတော့ Google Service တွေ တရားဝင်မပါရှိတာကြောင့်၊ Google Now တို့ Gmail တို့ Play Store တို့လို Google ရဲ့ အဓိကမိုဘိုင်းဝန်ဆောင်မှုတွေ သုံးရမှာမဟုတ်ပါဘူး။ ဒါပေမယ့် မကြာခင် ထွက်ရှိမယ့် global ROM မှာတော့ Google Mobile Services တွေ တပါတည်းပါဝင်လာမှာဖြစ်ပြီး၊ Google ရဲ့ ၀န်ဆောင်မှုတွေကို အဆင်သင့်သုံးစွဲနိုင်မှာဖြစ်ပါတယ်။

MIUI 7.2.8.0 မှာ ဆော့ဖ်ဝဲပိုင်းဆိုင်ရာပြင်ဆင်မှုတွေ အများအပြားလုပ်ထားပြီး၊ ဥပမာအားဖြင့်၊ ဖုန်းထဲမှာ Cortana ကို သွင်းပြီး၊ ပြန်ဖြုတ်လိုက်ရင်၊ နောက်တစ်ခါ ပြန်သွင်းလို့မရတော့တဲ့ error မျိုး၊ user စိတ်ကြိုက် ပြင်ဆင်ထားတဲ့ ဖုန်း theme တွေနဲ့ ပတ်သတ်တဲ့ error မျိုးတွေကို ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

တခြားဆော့ဖ်ဝဲပိုင်းပြင်ဆင်မှုတွေကတော့ App permission ( အက်ပ်တစ်ခုချင်းစီကို Permission ထိန်းချုပ်နိုင်တာ)၊ ဘက်ထရီစနစ်ပိုကောင်းလာပြီး၊ အပူထွက်ရှိမှုနည်းသွားတာ၊ ကင်မရာပိုင်းမှာ ကောင်းမွန်မှုရှိလာတာ စတာတွေဖြစ်ပါတယ်။

Xiaomi ဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလတုန်းကလည်း MIUI 7.1 golbal ဗားရှင်း stable ROM ကို Mi ဖုန်းတော်တော်များများမှာ ထုတ်ပေးခဲ့ပါသေးတယ်။

မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်နဲ့ ၀ယ်ယူနိုင်မယ့် RAM 3GB၊ Fingerprint ပါ Xiaomi Redmi 3 Pro ဖုန်း ထွက်ရှိ


Xiaomi ဟာ Redmi 3 စမတ်ဖုန်းကို အဆင့်မြှင့်တင်ထားတဲ့ Redmi 3 Pro ဖုန်းကို မနေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
ထူးခြားချက်အားဖြင့် Redmi 3 ဖုန်းမှာ လက်ဗွေရာစနစ်မပါပေမယ့်၊ ဒီ Pro ဖုန်းမှာတော့ ကျောဘက်မှာ လက်ဗွေရာဖတ်စနစ်ပါဝင်လာပါတယ်။ RAM ကလည်း Redmi 3 တုန်းက 2GB ဖြစ်ပေမယ့်၊ ဒီဖုန်းမှာတော့ 3GB အထိ ဖြစ်သွားပါတယ်။
ရွှေရောင်၊ မီးခိုးရောင်နဲ့ ငွေရောင် ဆိုပြီး အရောင်သုံးမျိုးရွေးချယ် ၀ယ်ယူနိုင်မှာဖြစ်ပြီး၊ ဈေးနှုန်းအားဖြင့်လည်း ၈၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၇ သောင်းခန့်) သာရှိတာကြောင့်၊ ဈေးနှုန်း နည်းနည်းနဲ့ အဆင့်မြင့်ဖုန်းတစ်လုံးကို ကိုင်ဆောင်နိုင်မှာဖြစ်ပါတယ်။
Xiaomi Redmi 3 Pro ဖုန်းကို တရုတ်နိုင်ငံမှာ နောက်လစတင်ရောင်းချသွားမှာဖြစ်ပြီး၊ တရုတ်နိုင်ငံပြင်ပမှာ ဘယ်တော့ရောင်းချသွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
Xiaomi Redmi 3 Pro မှာ ပါဝင်တဲ့ အသေးစိတ် specs တွေကတော့ ၅ လက်မအရွယ် HD (720×1280 pixels) မျက်နှာပြင်၊ octa-core Qualcomm Snapdragon 616 ပရိုဆက်ဆာ၊ 3GB DDR3 RAM ၊ ဂရပ်ဖစ်အနေနဲ့ Adreno 405 GPU ၊ ဖုန်းတွင်းဒေတာသိုလှောင်နိုင်မှုအနေနဲ့ 32 GB တို့ ပါရှိပြီး၊ microSD ကတ် 128 GB အထိလည်း ထပ်စိုက်နိုင်ပါတယ်။ Redmi 3 ဖုန်းတုန်းကတော့ RAM 2GB နဲ့ inbuilt storage 16 GB ပဲ ပါရှိတာဖြစ်ပါတယ်။
MIUI 7 ပါဝင်လာမယ်လို့သိရပြီး၊ Android ဗားရှင်း ဘယ်လောက်ပါဝင်လာမလဲဆိုတာကိုတော့ တရားဝင် ကြေငြာရခြင်းမရှိသေးပါဘူး။
Twitter Bird Gadget