''ဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးပါ၏။''







web stats

web stats

လိုချင်သော ခေါင်းစဉ်ကို အမြန်ရှာရန်

sai thu lin

sai thu lin
စိုင်းသူလင်း ဘလော့မှ ကြိုဆိုပါတယ်။

Tuesday, 28 June 2016

Android ဖုန်း အသုံးပြုသူတွေ အနေနဲ့ မိမိအသုံးပြုနေတဲ့ ဖုန်းမှာ ဖုန်းမှတ်ဉာဏ်ဟာ မှတ်သားမှုများ မပြုလုပ်ရသေးဘဲ ပြည့်လာတတ်တဲ့ အခက်အခဲရှိ တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာတော့ ဖုန်းထဲမှာရှိနေတဲ့ Temporary လို့ခေါ်တဲ့ Temp ဖိုင်တွေကို ရှင်းလင်းပေးရပါတယ်။



Temp ဖိုင်တွေကို ရှင်းလင်းတဲ့အခါမှာ ဖုန်းရဲ့မှတ်ဉာဏ်ထဲမှာ ရှိနေတဲ့ Temp တွေကို ရှင်းလင်းရသလို အင်တာနက် အသုံးပြုတဲ့ Browser ပေါ်မှာရှိနေတဲ့ အင်တာနက် Temp ဖိုင်တွေကိုလည်း ရှင်းလင်းပေး ရပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ အင်တာနက် Temp ဖိုင်တွေကို ရှင်းလင်းတဲ့ နည်းလမ်းကို ဖော်ပြပေးပါမယ်။

အင်တာနက် အသုံးပြုခဲ့တဲ့ Temp ဖိုင်တွေကို ရှင်းလင်းချင် တယ်ဆိုရင်တော့ ပထမဆုံးကိုယ့် ရဲ့ ဖုန်းမှာရှိနေတဲ့ Setting ထဲကို ဝင်လိုက်ပါ။

Setting ထဲမှာတော့ App ဆို တဲ့ စနစ်ထဲကို သွားပါ။ အချို့ဖုန်း တွေမှာတော့ 
Manage App ဆိုပြီး ဖော်ပြတတ်ပါတယ်။

App ထဲကို ရောက်ပြီဆိုရင် တော့ ခုလိုမြင်ရ ပါလိမ့်မယ်။ မြင် ရတဲ့ မြင်ကွင်းမှာ
 ကိုယ့်ရဲ့ဖုန်းမှာရှိနေတဲ့ Browser App တွေကို ရှာဖွေပါ။

Browser App ကိုတွေ့ရင်တော့ App ကိုနှိပ်လိုက်ပါ။  ဒါဆို ရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။
 
 
မြင်တွေ့ရတဲ့ မြင်ကွင်းရဲ့ အောက်ဘက်ကို ဆက်ပြီးကြည့် 
လိုက်မယ်ဆိုရင်တော့ ခုလိုမြင်ရ ပါလိမ့်မယ်။

Clear data, Clear Cache, Clear Defaults အစရှိတဲ့ စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။
Clear Cache ဆိုတဲ့စနစ်ကို နှိပ်ပြီးတော့ အင်တာနက် Temp ဖိုင်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ 
Clear Data ကိုနှိပ်ပြီးတော့လည်း Browser ထဲမှာရှိနေတဲ့ အချက်အလက်တွေကို ဖယ်ရှင်းနိုင်ပါတယ်။

ဒါကတော့ အင်တာနက် အသုံးပြုထားတဲ့ Temp တွေကို ရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပြီး အင်တာနက် အသုံးပြုသမျှ Browser တွေအားလုံးမှာ ဒီလိုမျိုး လိုက်လံရှင်းလင်း နိုင်ပါတယ်။

နောက်တစ်ခုကတော့ ဖုန်းရဲ့ မှတ်ဥာဏ်ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ အရာတွေကို ရှင်းလင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဖုန်းမှတ်ဉာဏ်ထဲက အရာတွေကို ရှင်းလင်းဖို့အတွက် ပထမဆုံး ဖုန်းရဲ့ 
Setting ထဲကိုဝင်လိုက်ပါ။


Storage ထဲမှာတော့ ခုလိုမျိုး ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။
 
 မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Make more space ဆိုတာရှိပါတယ်။  အဲဒါကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။
 
ဒါကတော့ မှတ်ဉာဏ်ထဲက မလိုအပ်တဲ့ အရာတွေကို ဖယ်ရှင်းနိုင်မယ့် နေရာဖြစ်ပါတယ်။
 အသုံးပြုတဲ့ ဖုန်းအမျိုးအစားနဲ့ Android Interface ဖွဲ့စည်းပုံ ပေါ်မူတည်ပြီး မြင်တွေ့ရမယ့် မြင်ကွင်းတွေတော့ ကွဲပြားမှု ရှိနိုင်ပါလိမ့်မယ်။

Make more space ဆိုတဲ့ အချို့ဖုန်းတွေမှာတော့ Cached Data ဆိုပြီး ဖော်ပြလေ့ ရှိတတ်ပါတယ်။
 Cached Data ဆိုတဲ့ ထဲမှာလည်း မလိုအပ်တဲ့ အချက်အလက်တွေကို ၀င်ရောက်ရှင်းလင်း နိုင်ပါတယ်။

ဓာတ်ပုံ လေးကို ပုံအရှင်လေးတွေပြုလုပ်နိုင်မယ့် Gif Maker 2.2.1 Apk

Android OS နှင့် Tablet  ချစ်သူများ အတွက် 
ဓာတ်ပုံတွေအများကြီးကို ပုံတစ်ပုံထဲမှာတပြိုင်ထဲလှုပ်ရှားနေအောင်ဖန်တီးနိုင်တဲ့ Gif Maker 2.2.1 Apk လေးကိုတင်ပေးလိုက်ပါတယ်။
ယင် App ထဲကနေပြီးတော့ ကင်မရာရိုတ်ပြီးရလာတဲ့ပုံတွေအများအပြားကို တစ်ပုံထဲမှာ လှုပ်ရှာနေအောင်ဖန်တီးနိုင်ခြင်းနှင့် ဖုန်းထဲတွင်ရှိသော Photo များကိုလည်းပုံအရှင်ပြုလုပ်နိုင်ခြင်းတို့ ကိုအသုံးပြုနိုင်ပါတယ်။
ပုံတစ်ပုံနှင့်တစ်ပုံရဲ့ လှုပ်ရှာမည့် စက္ကန့် လေးတွေကိုလည်းမိမိစိတ်တိုင်းကျရွေးချယ်နိုင်ပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ 
Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ
 Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 
                                          screen short 





MPT ဖုန်း ငွေဖြည့်ကတ်များကို ဖြည့်ရင်း ၁၀၀% အထိ အပိုဆောင်း ငွေများ ရနိုင်ပြီ

မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT က သုံးစွဲသူ သန်း ၂၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်နှင့် အားပေးကြ သူ မိဘပြည်သူများအား ကျေးဇူးတုံ့ပြန်ခြင်း အထိမ်းအမှတ်အနေဖြင့် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့ အတွင်း ဖုန်းလက်ကျန်ငွေ ဖြည့်သွင်းသူများအား ၁၀၀%အထိ အပိုဆောင်း ငွေများ ပေးသွားမည် ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် ကြေငြာလိုက်သည်။

MPT ၏ GSM/WCDMA/CDMA များ၏ ကြိုတင်ငွေ ပေးချေစနစ် သုံးစွဲသူအားလုံး ဤအထူး အစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပြီး အပိုဆောင်းရရှိသည့် ဖုန်းလက်ကျန်ငွေများသည် ရရှိသည့်ရက်မှ ၁၀ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ကျန် ငွေဖြည့်သည့် ပမာဏ များလေ အပိုဆောင်းပမာဏ ၁၀၀% အထိ ရရှိနိုင်မည့် အခွင့်အရေးများလေဖြစ်မည် ဖြစ်သည်။

လက်ကျန် ငွေဖြည့်ပမာဏ (ကျပ်) အပိုဆောင်းရရှိမည့် ရာခိုင်နှုန်း အပိုဆောင်းရရှိမည့် ငွေပမာဏ (ကျပ်)
၁,၀၀၀ ၂၀ % ၂၀၀
၃,၀၀၀ ၃၃ % ၁၀၀၀
၅,၀၀၀ ၄၀ % ၂၀၀၀
၁၀,၀၀၀ ၁၀၀ % ၁၀၀၀၀
၂၀,၀၀၀ ၁၀၀ % ၂၀၀၀၀
၃၀,၀၀၀ ၁၀၀ % ၃၀၀၀၀

ယခုရရှိသော အပိုဆောင်း ဖုန်းလက်ကျန်ငွေများကို (MPT အချင်းချင်း) ဖုန်းခေါ်ဆိုမှုများ၊ (MPT အချင်းချင်း) စာတို ပေးပို့မှုများနှင့် အင်တာနက် အသုံးပြုနိုင်မည်ဖြစ်သည်။

GSM/WCDMA အသုံးပြုသူများသည် ဖုန်းလက်ကျန် ငွေဖြည့်ခြင်းကို ခဲခြစ်ငွေဖြည့်ကတ်ဖြင့်လည်းကောင်း၊ eTopup ဖြင့်လည်းကောင်း၊ ဘဏ်မှ တစ်ဆင့် ငွေဖြည့်ခြင်းဖြင့် လည်းကောင်း၊ Myanmar MM မှလည်းကောင်း၊ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး CDMA အသုံးပြုသူများ အတွက်မူ ခဲခြစ်ငွေဖြည့်ကတ်ကို ဝယ်ယူကာ ငွေဖြည့်ခြင်းဖြင့် လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ငွေဖြည့်ကတ်များကို MPT အမှတ်တံဆိပ်ရှိသည့် အရောင်းဆိုင်တိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “MPT အနေနဲ့ သုံးစွဲသူတွေကို ငွေကြေးအရ အကုန်အကျ သက်သာစေချင်ပါတယ်၊ ဒါကြောင့် ဒီ အပိုဆောင်းငွေ အစီအစဉ်ဟာ MPT  ကနေပြီးတော့ သုံးစွဲသူတွေ အပေါ်ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ပြုလုပ်တဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွေများစွာထဲက တစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။

iPhone ကို တိုက်ရိုက်ယှဉ်ပြိုင်နိုင်မယ့် စမတ်ဖုန်းတစ်လုံးကို Google ကိုယ်တိုင်ထုတ်လုပ်တော့မည်။

Google ဟာ iPhone ကို တိုက်ရိုက်ယှဉ်ပြိုင်မယ့် အမိုက်စား Android စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ Google အနေနဲ့ Nexus စီးရီးစမတ်ဖုန်းတွေ ရှိတယ်ဆိုပေမယ့်၊ ထုတ်လုပ်သူတွေကတော့ Huawei ၊ LG ၊ HTC ၊ Motorola ၊ Asus စတဲ့ ကုမ္ပဏီပေါင်းစုံက မော်ဒယ်တစ်မျိုးစီအလိုက် ထုတ်လုပ်ပေးနေတာဖြစ်ပြီး၊ Google ကိုယ်တိုင်ထုတ် စမတ်ဖုန်းမရှိသေးပါဘူး။

၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ အသစ်ထွက်ရှိမယ့်စမတ်ဖုန်းရဲ့ ထုတ်လုပ်မှုအပိုင်းကိုတော့ Google ကိုယ်တိုင်ကြီးကြပ်မှုပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

CCS Insight ရဲ့ ဈေးကွက်လေ့လာရေးပညာရှင် Ben Wood ကတော့ Google ဟာ ၎င်းတို့ပိုင်ဆိုင်တဲ့ Android ပလက်ဖောင်း တစ်စစီဖရိုဖရဲဖြစ်နေမှုကို စိုးရိမ်ပူပန်မှုတွေရှိနေပြီး၊ ထိန်းချုပ်မှုတွေ တင်းကြပ်သွားဖို့ ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။ Apple လိုမျိုး ထိန်းချုပ်ကန့်သတ်မှုတွေလည်း ပိုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Ben Wood ရဲ့ ပြောကြားချက်ဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ Android ဟာ တကယ်မိုက်တဲ့ OS တစ်ခု ဖြစ်ပေမယ့်၊ Unix အခြေခံ open စနစ်တစ်ခုဖြစ်တာကြောင့် ဖုန်းထုတ်လုပ်သူတိုင်းလိုလိုဟာ ကိုယ်ပိုင်ပြင်ဆင် မှုတွေ လုပ်နေကြပါတယ်။ အကယ်၍ Android ဖုန်းသာ တစ်ခုခု အမှားအယွင်းယွင်းဖြစ်သွားရင်၊ ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် သာမန် user တစ်ယောက်အနေနဲ့ မဖြစ်နိုင်ဘဲ၊ ဆော့ဖ်ဝဲကျွမ်းကျင်သူ developer တွေမှ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအားနည်း ချက်တွေကြောင့် Google ဟာ Android စနစ်ကို ပိုမိုကန့်သတ်ထိန်းချုပ်မှုတွေ လုပ်လာမှာဖြစ်တယ်လို့ ယူဆရပါတယ်။

Google အနေနဲ့ ယခုစမတ်ဖုန်းကို ဘယ်တော့ထုတ်မလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
Twitter Bird Gadget