ပုံတွေနဲ့အဆင့်ဆင့်ပြထားပါတယ်။လိုက်လုပ်ကြည့်လိုက်ပါ။အရင်ဆုံးအထက်ပါပုံမှာ
ပြထားတဲ့အတိုင်းမိမိဖုန်းကိုအရင်ပါဝါပိတ်လိုက်ပါ။ပြီးရင်ဖုန်းလုံးဝပိတ်သွားပြီဆိုတာ
နဲ့ Download Mode ကိုဝင်ဖို့အတွက် Vol Down + Home + Power ကိုတပြိုင်
တည်းနှိပ်လိုက်ပါ။ဒါဆိုရင်အောက်ကပုံအတိုင်းပေါ်လာပါမယ်။
ပြီးတာနဲ့အောက်ကဒေါင်းလော့စ်ဖိုင်ထဲမှာရှိနေတဲ့ Odin ကိုဖွင့်ပြီး Run လိုက်ပါ။
Odin ကို run ပြီးတာနဲ့ဖုန်းမှာ Vol Up ကိုနှိပ်လိုက်ပါ။ပြီးရင် Odin ကနေ PDA ဆိုတာကို
နှိပ်ပြီး ဒေါင်းလော့စ်ဖိုင်ထဲမှာပါတဲ့ CF-Auto-Root tar လေးကိုခေါ်လိုက်ပါ။ပြီးရင် start
ကိုနှိပ်လိုက်ပါ။ခဏစောင့်နေလိုက်ပါ။ပြီးရင်ဖုန်း reboot ကျသွားပါမယ်။ပြီးဆုံးသွားပြီ
ဆိုတာနဲ့ မိမိဖုန်းမှာ SuperSU လေးကိုတွေ့မြင်ရပါမယ်။
စိုင်းသူလင်း နည်းပညာ မှ တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီနေရာက နေ LIKE ကိုနှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
No comments:
Post a Comment